Events
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ မှ တစ်ဆင့် ထားဝယ်မြို့နှင့်မြိတ်မြို့တို့တွင် စီးပွားရေးအခွင့်အလမ်းများကို ထောက်ပံ့ပေးနိုင်မည့် Regional Consultation ကျင်းပပြုလုပ်ခြင်း
Updated At: 2020-06-22 09:51:29
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့တွင် မြိတ်မြို့တွင်လည်းကောင်း အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန်အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025 Regional Consultation) ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ဒေသခံအစိုးရဌာန အဖွဲ့အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များ စုစုပေါင်းထားဝယ်မြို့တွင် (၃၀) ဦးခန့်နှင့် မြိတ်မြို့တွင် (၅၀) ဦးခန့်၊ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းက အမျိုးသားပို့ကုန်မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းစဉ်များနှင့် မွန်ပြည်နယ် မှ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ကဏ္ဍများအလိုက် ထည့်သွင်းပါဝင်သင့်သည့် အချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ထားဝယ်မြို့နှင့် မြိတ်မြို့တို့မှ ဆောင်ရွက်နိုင်မည့်ကဏ္ဍ များအဖြစ် ရေထွက်ကုန်လုပ်ငန်းကဏ္ဍ ရော်ဘာလုပ်ငန်းကဏ္ဍ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍ ခရီးသွား လုပ်ငန်းကဏ္ဍ ငှက်သိုက်လုပ်ငန်း အခြားကဏ္ဍများ(သတ္တုတွင်း) နှင့် စားသောက်ကုန် ထုတ်လုပ်ခြင်း ကဏ္ဍများမှ ရရှိလာနိုင်သော ပို့ကုန်ဆိုင်ရာ အခွင့်အရေးများကို အဓိကထား ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးရရှိချက်များအား အမျိုးသားပို့ကုန်မဟာဗျူဟာ၏ မဟာဗျူဟာစာတမ်း (Strategy Documents) များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါသည်။
NES Unit



More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026